ရွှေပြည်သာ အောက်တိုဘာ ၁၃
ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ပိုးတွေ့လူနာများ များပြားလာသည်နှင့်အမျှ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်ကိုဗစ်-၁၉ ကော်မတီဝင်များက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွန်ချက် များနှင့်အညီ ပြည်သူများလိုက်နာကြရန် နိုးဆော်ကြေညာထားပြီးဖြစ်ရာ ယနေ့ နံနက်ပိုင်းက ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် အမှတ်(၁၇) ရပ်ကွက်၊ လှော်ကား၊ ဝါးတစ်ရာလမ်းမကြီးနှင့် ရတနာလမ်းထောင့်တွင် (Mask) နှာခေါင်းစည်း မတပ်ဆင်ဘဲ သွားလာသည့် ပြည်သူများအား ဒဏ်ငွေပေးဆောင်၍ ချက်ချင်းတပ်စနစ်ဖြင့် Mask Campaign ပြုလုပ်ခဲ့ သည်။
ထိုသို့ပြုလုပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့် ဒုတိယဦးစီးမှူး ဦးဇော်မင်းထွေး နှင့် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာ၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး များ ပူးပေါင်း၍ (Mask)နှာခေါင်းစည်း မတပ်ဆင်ဘဲသွားလာသည့် ပြည်သူ(၆၃)ဦးအား ဒဏ်ငွေ(၂၀၀)ကျပ် ပေးဆောင်စေပြီး (Mask) နှာခေါင်းစည်း
(၁)ခု ပြန်လည်ပေးအပ်ကာ ချက်ချင်းတပ်စနစ်ဖြင့် Mask Campaign ပြုလုပ်ခဲ့ပြီး Stay at Home ကာလအတွင်း ပြည်သူများ ဖြစ်နိုင်ပါက နေအိမ်ပြင်ပသို့ မထွက်ကြရန်၊ မဖြစ်မနေ ထွက်ရမည်ဆိုပါကလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထွက်ခွာကြရန် အသိပညာပေးခြင်း များကိုပါ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေးအေးမိုး (ပြန်/ဆက်)