သီပေါမြို့အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခွဲသို့ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

သီပေါ ဇူလိုင် ၂၅

ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ငယ်စဉ်ကပင်စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ပြင်ပဗဟုသုတရရှိစေရန်၊ ဉာဏ်ပညာတိုးတက်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းခွဲသို့ ယမန်နေ့မွန်းလွှဲ (၂)နာရီက စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းသိင်္ဂီစိုးက ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်း၏အကျိုးကျေးဇူများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ရုံးအကူဝန်ထမ်း ဒေါ်ဝိုင်းသူဇာခင်ကရုပ်ပုံပြ ‌ပုံပြောခြင်းဆောင်ရွက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား အသိပညာပေး ရုပ်ပြကာတွန်း စာအုပ်၊ ပုံပြင်၊ တေဇရုပ်စုံ စာအုပ်များအား ဖတ်ရှုစေခဲ့ရာ ကျောင်းသား ၊ ကျောင်းသူကလေးငယ်များက အသိပညာပေး စာအုပ်များကို စိတ်ဝင်စားစွာဖတ်ရှု ခဲ့ကြကြောင်း နှင့်ပြန်/ဆက်ဝန်ထမ်းများမှ ကျောင်းသား၊ ကျောင်းသူ များအား စာအုပ်၊စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း  သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)