ပေါင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်

ပေါင် ဇူလိုင် ၂၅

မွန်ပြည်နယ်၊ ‌ပေါင်မြို့နယ်တွင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများအသင်း (Book Club)တို့ ပူးပေါင်း၍မောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် "အမွေခံသူတစ်ယောက်အမွေပေးသူတစ်ရာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နေ့လယ်(၁၂)နာရီက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် စာပေချစ်သူများအသင်းအဖွဲ့ဝင် ဦးကိုကိုက အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး ကစာဖတ်ဝိုင်းပြုလုပ်သည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စာပေချစ်သူများအသင်းအဖွဲ့ဝင်ဦးလင်းလင်းက အဆိုပါစာအုပ်မှ  အမွေခံတစ်ယောက် အမွေပေးသူတစ်ရာနှင့် ပညာရေးတက္ကသိုလ်၏ တစ်ထောင့်တစ်နေရာမှာ

ကိုလည်းကောင်း၊အဖွဲ့ဝင် ဦးသားကြီးက သူတို့ပြောတဲ့မြန်မာအကြောင်းနှင့် စာသင်ရာမှာရယ်မောစရာ ခေါင်းစဉ်များကိုလည်းကောင်း၊ အဖွဲ့ဝင် ဒေါ်စန်းစန်းမူက ပညာတတ်ဖို့ စာဖတ်ရမည်နှင့်လူငယ်များအတွက် ဇာတကာခေါင်းစဉ်တို့ကို ဆွေးနွေးပြောကြားကြရာ တက်ရောက်လာကြသူများက သိလိုသည်များကို‌ ပြန်လည်မေးမြန်းခဲ့ကြသည်။

အဆိုပါစာဖတ်ဝိုင်း ဆွေးနွေးပွဲများကိုဆောင်ရွက်ခြင်းဖြင့် လူငယ်လူရွယ်များ စာဖတ်သည့်အလေ့အကျင့်များရရှိစေရန်၊ စာဖတ်ခြင်းဖြင့် အမှားအမှန်ကိုဝေဖန်ပိုင်းခြားတတ်စေရန်၊ အစုအဖွဲ့အတွင်း ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရန် ရည်ရွယ်၍ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)