လားရှိုး ဇူလိုင် ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် နယ်မြေဒေသလုံခြုံရေးအတွက် မြို့တွင်းတွင် သွားလာနေသော ယာဉ်များအား သက်ဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ယာဉ်စစ်ဆေးခြင်းများဆောင်ရွက်ရာသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လားရှိုး မြို့နယ် ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဇူလိုင်လ ၂၄ ရက်နေ့ နံနက်ပိုင်းက လားရှိုးမြို့ ၊မြို့တော်ခန်းမအနီး ရှိ လမ်းမတော်လမ်းပေါ်နှင့် မွန်းလွဲပိုင်းတွင် ဘူတာလမ်းပေါ်တို့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)