သုံးခွ ဇူလိုင် ၂၅
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သုံးခွ-ရန်ကုန်သွားကားလမ်းမကြီးဘေး ရဲနွဲ့ကျေးရွာတာထိပ် သဘာ၀ရေပြင် ရိုးချောင်းအတွင်း ယနေ့နံနက် ၇ နာရီခွဲအချိန်က ငါးသားပေါက်အကောင်ရေ (၁၀)သိန်းအား ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်းသိရသည်။
သုံးခွမြို့နယ်တွင် ငါးရိက္ခာဖူလုံစေရေး၊ ငါးသယံဇာတ မပြုန်းတီးရေး၊ ငါးစာသုံးမှုမြင့်မားလာစေရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးစိုက်ထည့်ပေးရာတွင် သုံးခွ-ရန်ကုန်သွားကားလမ်းမကြီးဘေး ရဲနွဲကျေးရွာ တာထိပ်သဘာ၀ရေပြင်ရိုးချောင်းအတွင်းသို့ လေးထောင့်ကန်စခန်းမှ ငါးမြစ်ချင်းငါးသားပေါက်အကောင်ရေ (၂၀၀၀၀၀)၊ ထိုင်းငါးခုံးမ(၃၀၀၀၀၀)၊ လှော်ကားစခန်းမှ ငါးမြစ်ချင်းအကောင်ရေ(၂၀၀၀၀၀)နှင့် ရွှေဝါငါးကြင်း (၃၀၀၀၀၀)၊ စုစုပေါင်းငါးအကောင်ရေ (၁၀) သိန်း ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းကို သုံးခွမြို့နယ်တွင် ဇွန်လ (၂၇)ရက်နေ့က အမှတ်(၁၂)ရပ်ကွက် မှော်ဝန်းချောင်းအတွင်းသို့ ပထမအကြိမ် ငါးသားပေါက်ကောင်ရေ(၁၀)သိန်း ငါးမျိုးစိုက်ထည့်ပေးခဲ့ပြီး၊ ယနေ့ ဒုတိယအကြိမ် သဘာဝရိုးချောင်းအတွင်းသို့ ငါးသားပေါက်များထပ်မံစိုက်ထည့်ပေးခြင်းဖြစ်ကြောင်း သုံးခွမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးတင့်က ပြောကြားသည်။
ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်၊ အဖွဲ့၀င်(၁) ဗိုလ်မှူး လင်းမောင်သက်နှင့်အဖွဲ့၀င်များ၊ ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဦးမျိုးတင့်နှင့်၀န်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လှော်ကားစခန်းတာဝန်ခံနှင့် ဝန်ထမ်းများ၊ လေးထောင့်ကန်စခန်းတာဝန်ခံနှင့် ဝန်ထမ်းများက သဘာ၀ရေပြင်ရိုးချောင်းအတွင်းသို့ ငါးသား ပေါက်များစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ ဆက်)