ကွမ်ခြံကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ကျေးရွာများသို့ တိုင်းရင်းဆေးများဖြင့် ပြည်သူများအား(အခမဲ့)ကွင်းဆင်းကုသ

ကွမ်းခြံကုန်းမြို့ ဇူလိုင် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ယမန်နေ့က တိုင်းရင်းဆေးပညာဖြင့်၊ တော်ကူးအနောက်ကျေးရွာသို့ (အခမဲ့) ကွင်းဆင်း ဆေးကုသပေးခဲ့ကြောင်း သိရသည်၊၊

အဆိုပါ ကွင်းဆင်းဆေးကုသမှု ကွမ်းခြံကုန်းမြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်ဝေဝေနိုင်နှင့်ဝန်ထမ်းများက တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုပေးခဲ့ပြီး မိုးရာသီကာလတွင် ဖြစ်ပွားတတ်သော  ရောဂါများအကြောင်းဟောပြောခဲ့ရာ ရွာသူရွာသားများမှ  သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍    မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝေဝေနိုင်က တိုင်းရင်းဆေးဖြင့် ဒူးနာ၊ ခါးနာ၊ နှလုံး၊ သွေးတိုး၊ ဆီးချို၊ မီးယပ်၊ လေဖြတ်လေငန်း၊ ကြီးပေါင်းရောဂါစသည့် လူနာ(၆၅)ဦးတို့အား အခမဲ့ဆေးကုသပေးခဲ့သည်။ အဆိုပါလူနာများအား ရန်ကုန်မြို့စကြာမင်းတိုင်းရင်းဆေးတိုက် ထိရင်လန်တိုင်းရင်းဆေးတိုက်နှင့် ထာနီတိုင်း တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးတို့မှ တိုင်းရင်းဆေးဝါများပေးပို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆွေနွယ်(ပြန်/ ဆက်)