အလုံမြို့နယ်၌ မူကြိုကလေးများ၏ မိခင်များအား ကျန်းမာရေးအသိပညာပေးဆွေးနွေး ဟောပြောခြင်းဆောင်ရွက်

အလုံ ဇူလိုင် ၂၅

မိဘများအနေဖြင့် ကျန်းမာရေးအသိပညာဖြင့် ပြည့်စုံပြီး မိမိတို့၏ ရင်သွေးများ၏ ကျန်းမာရေးကို စောင့်ရှောက်ပေးနိုင်ရန်အတွက် ရည်ရွယ်ကာ ယမန်နေ့ နံနက် ၁၀း၃၀  နာရီက အလုံမြို့နယ်ပြည်သူ့ ကျန်းမာရေးဝန်ထမ်းများသည်  လင်းရောင်နီ မူကြိုကျောင်းသို့ ကွင်းဆင်း၍ ကျန်းမာရေးအသိပညာပေး ဆွေးနွေးဟောပြောခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျောင်းသားမိဘများအား ဉီးစီးအရာရှိ (သွားကျန်းမာ) ဒေါက်တာမေသီရိမှ သွားနှင့်ခံတွင်း ကျန်းမာရေးနှင့်ပတ်သက်၍ ကျန်းမာရေးပညာပေးခြင်း၊ ဉီးစီးအရာရှိ (မိခင်ကလေး၊ ကျောင်းကျန်းမာ၊ အာဟာရ) ဒေါ်မိုးသီတာဉီးမှ   အမီလိုက်ကာကွယ်ဆေးထိုးလုပ်ငန်း  နှင့်ပတ်သက်၍  အသိပညာပေး ဆွေးနွေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တင်တင်ချို (ပြန်/ ဆက်)