အလုံ ဇူလိုင်လ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး တစ်ကြိမ်မှ မရရှိသေးသော ၅ နှစ်အောက်ကလေးများနှင့် ကာကွယ်ဆေး အကြိမ်ပြည့် မရရှိသေးသော ၅ နှစ်အောက် ကလေးများအား ယနေ့ နံနက် ၁၀ နာရီက အလုံမြို့နယ်၊ သစ်တောရပ်ကွက်၊ စည်ပင်ကွန်တိန်နာဝင်း၌ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံရာ၌ ငါးမျိုးစပ်ကာကွယ်ဆေး (ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ၊ ဦးနှောက်အမြှေးရောင်၊ ဝက်သက်ဂျိုက်သိုး ကာကွယ်ဆေး ပိုလီယိုကာကွယ်ဆေးများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အလုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လစဥ် လဆန်း ၁ ရက်နေ့မှ ၇ ရက်နေ့ အထိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသော ကလေးငယ်များကို အမီလိုက်ကာကွယ် ဆေးများကို ကွင်းဆင်းထိုးနှံပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
တင်တင်ချို (ပြန်/ ဆက်)