ကျောက်ပန်းတောင်းမြို့နယ်တွင် သခွားသီး စိုက်ပျိုးရောင်းချသူများ စျေးကောင်းရရှိ၍ အဆင်ပြေ

ကျောက်ပန်းတောင်း ဇူလိုင် ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် သခွားစိုက်ခင်းများ အထူးကောင်းမွန်ကာ ခူးစွတ်ရောင်းချချိန်တွင် စျေးကောင်းရရှိ၍ စိုက်ပျိုးတောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကျောက်ပန်းတောင်မြို့နယ်၊ ကြက်မောက်တောင်ဆည် အနီးဝန်းကျင်ကျေးရွာများတွင် စိုက်ပျိုရေးလုပ်ငန်းများကို ရာသီအလိုက် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ယခုလိုမိုရာသီးအချိန်တွင် မြေပဲ၊ ပဲစင်းငုံ၊ နှမ်း၊ နေကြာ၊ ပြောင်းစသည့် တောင်ယာလုပ်ငန်းများ၊ သင်္ဘော၊ မာလာကာ၊ စပျစ်၊ ပိန္နဲ၊ ငှက်ပျောစသည့် နှစ်ရှည်ပင်များနှင့် ဟင်းသီးဟင်းရွက်များစွာ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ သခွားများကို မေလ အကုန် ဇွန်လ လဆန်းပိုင်းများ၌ စတင်စိုက်ပျို၍ စိုက်ပျိုးပြီး ၂၀ ရက်သားအချိန်တွင် တိုင်ထောင်ခြင်း၊ ကြိုးတန်းခြင်း ပြုလုပ်ပေးကြရသည်။ ယခုအခါ သခွားသီးများ စတင်ခူးဆွတ်ရောင်းချနေကြပြီး ယခင်နှစ်များက သခွားသီးတစ်လုံးကို ၁၀၀ ကျပ်သာရောင်းချရသော်လည်း ယခုနှစ်တွင် သခွားသီးတစ်လုံးကို ၂၀၀ ကျပ်အထိ စျေးကောင်းရရှိသောကြောင့် စိုက်ပျိုးတောင်သူများမှာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။ သခွားသီး ခူးဆွတ်ရာတွင်လည်း တစ်ရက်ချန်တစ်ခါခူးလျင် အလုံး ၄၅၀ မှ ၅၀၀ အထိ ခူးဆွတ်ရကြောင်း သိရသည်။

P.W.A(ပြန်/ဆက်)