ညောင်ဦးမြို့ သမိုင်းအထင်ကရဘုရားများတွင် ပုဂံဒေသထွက်လက်ဆောင်ပစ္စည်း ထုတ်လုပ်ရောင်းချသော စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ ကျင်းပ

ညောင်ဦး  ဇူလိုင်  ၂၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ သဗ္ဗညုဘုရားကြီးနှင့် အလိုတော်ပြည့်ဘုရား ဈေးတန်းတို့တွင် ပုဂံဒေသထွက် လက်ဆောင်ပစ္စည်း ထုတ်လုပ်ရောင်းချလျက်ရှိသော စီး ပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ဂေါပကဥက္ကဋ္ဌ ရုံခန်းတို့တွင် တွေ့ဆုံညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပုဂံဒေသထွက် လက်ဆောင်ပစ္စည် းထုတ်လုပ်ရောင်းချသော စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံညှိနှိုင်းပွဲတွင် ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းစိုး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်စန်းယုမော် (လက်ထောက်ညွှန်ကြားရေးမှူး)၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေါ်စန္ဒာ (ဦးစီးအရာရှိ)၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ဒေါ်စိုးစိုးအေး၊ လက်ထောက် ညွှန်ကြားရေးမှူး)တို့ ပူးပေါင်းကာ သဗ္ဗညုဘုရားကြီးနှင့် အလိုတော်ပြည့်ဘုရားတို့တွင် ပုဂံဒေသ ထွက်လက်ဆောင်ပစ္စည်း ထုတ်လုပ်ရောင်းချသော စီးပွားရေးလုပ်ငန်းရှင်များအား ပုဂံဒေသထွက်ယွန်းထည်နှင့် ပုန်းရည်ကြီးများကို နိုင်ငံတကာသို့ ထိုးဖောက်ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ကုန်ထုတ်လုပ်မှုမြှင့်တင်နိုင်ရေး ပုဂံဒေသထွက်ပစ္စည်းများအား နိုင်ငံတကာခရီးသွားများ ကျယ်ပြန့်စွာ ဝယ်ယူအသုံးပြုနိုင်ရေးအတွက် အားပေးမြှင့်တင်ဆောင်ရွက်နိုင်ရေး၊ ပုဂံဒေသအတွင်း ရောင်းချလျက်ရှိသည့် ဈေးဆိုင်များ စနစ်တကျ ရှိစေရေးတို့အား ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပြီး ရောင်းချလျက်ရှိသော ဈေးဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း