ပြင်ဦးလွင်ခရိုင်အတွင်းရှိ ပရဟိတကျောင်းများမှ (၁၀) နှစ်အောက်ကလေးငယ်များကို အာဟာရဖြည်စွက်အစားအစာအဖြစ် အပတ်စဉ် နို့တိုက်ကျွေးခြင်းလုပ်ငန်းများဆောင်ရွက်

  ပြင်ဦးလွင်၊ အောက်တိုဘာ  ၁၃   

ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးစေပြီး သွက်လက်ထက်မြတ်စေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ တိုင်းအမျိုးသမီးကော်မတီအဖွဲ့၏ ဦးဆောင်မှုဖြင့်  ပြင်ဦးလွင်ခရိုင်အတွင်းရှိ ပရဟိတကျောင်းများမှ (၁၀) နှစ်အောက်ကလေးငယ်များကို  အဟာရဖြည့်စွက်အစားအစာအဖြစ် အပတ်စဉ် နို့တိုက်ကျွေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီခွဲက ပြင်ဦးလွင်မြို့ရှိ ပရဟိတကျောင်းများသို့ ခရိုင်/မြို့နယ် အမျိုးသမီးကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်နို့တိုက်ကျွေးခဲ့ကြသည်။

အဆိုပါ အပတ်စဉ် နို့တိုက်ကျွေးခြင်းလုပ်ငန်းများကို  ပြင်ဦးလွင်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ဖွင့်လှစ်ထားသော  ဒိုးပင်အောင်ကံသာလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ မျက်မမြင်ပရဟိတဂေဟာ၊ အောင်သာကံမြင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ ရွှေစည်းခုံလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ ရတနာသိန္ဓိလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ ရွှေစင်မင်း လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ ယေဟောဝါယိရေ ကလေးများဂေဟာနှင့် မေတ္တာရင်ခွင့်မိဘမဲ့ဂေဟာတို့ရှိ (၁၀) နှစ်အောက်ကလေးငယ်များအားအာဟာရဖြည့်စွက်အစားအစာအဖြစ် နို့တိုက်ကျွေးခြင်းလုပ်ငန်းများကို သွားရောက်ဆောင်ရွက်လျက်ရှိပါကြောင်း  တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ သိရသည်။

ဇော်မျိုးထိုက် (ပြင်ဦးလွင်)