လင်းခေး ဇူလိုင် ၂၃
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးမှ လှူဒါန်းပေးပို့လာသော ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ် သံဃဆေးကုသဆောင်အသစ် တည်ဆောက်သွားနိုင်ရေးအတွက် လှူဒါန်းငွေကျပ်သိန်း(၂၀၀)ကျပ်အား လင်းခေးခရိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတို့က ထပ်ဆင့်ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နံနက်၁၀နာရီက လင်းခေးမြို့၊မဟာ ဝိဟာရကျောင်းကြီးကျောင်းပရိ ယတ္တိစာသင်တိုက်သုံး ထပ်ဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအလှူငွေကျပ်သိန်း (၂၀၀)ကျပ်အား လင်းခေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ခရိုင် အုပ်ချုပ်ရေးမှူးဦးနေဝင်းက မြို့ နယ်သံဃနာယကဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရထံ ဆက် ကပ်လှူဒါန်းပေးခဲ့ပါသည်။ ဆက်လက်၍ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖ များမှလှူဒါန်းငွေကျပ် (၁၀)သိန်းအား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျာလင်း၊ မြို့နယ်အုပ် ချုပ်ရေးမှူးဦးမြို့ဆောင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ် မှူးဟိန်းဝင်းဇော် တို့က သံဃဆေးကုသဆောင်ဖြစ်မြောက်ရေး ကော်မတီဝင်ဦးစိုင်းခမ်းလှိုင် (ဘဏ္ဍာရေးမှူး၊ ဝမ်လွိုင်ရပ်) ထံသို့ လှူဒါန်းပေးအပ်ခဲ့ကြပြီးနောက် နံနက် ၁၁ နာရီတွင် အခမ်းအနားကို ရုတ်သိမ်း ခဲ့ကြောင်း သိရသည်။
စိုင်းဇော်လတ်(ဓာတ်ပုံ-၂)