အမ်းမြို့နယ်၌ မိုးစပါးရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေးနှင့် လျှိုပိတ်ဆည်တည်ဆောက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

အမ်း  ဇူလိုင် ၂၄

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး မိုးစပါးရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး၊ လျှိုပိတ်ဆည်တည်ဆောက်နိုင်ရေးမြို့နယ် စိုက်ပျိုးရေးကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်က မြန်မာဘုတ်ချောင်းကျေးရွာ အုပ်စုသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်စိုက်ပျိုးရေးကြီးကြပ်ရေးအဖွဲ့သည် မြန်မာဘုတ်ချောင်းကျေးရွာအုပ်စု၌ လယ်ဧက(၃၄.၂၂)ဧကရှိပြီး ကုန်ကျမည့်မျိုးစပါးတင်း၇၀ ကုန်ကျမည်ဖြစ်သော်လည်းယခုအခါ မိုးရွာသွန်းမှုနည်းပါးသဖြင့် တောင်သူများကောင်းကင်ကျရေဖြင့်စိုက်ပျိုး၍ မရရှိနိုင်တော့သဖြင့် မိုးစပါး စိုက်ပျိုးနိုင်မှုမရှိပါက မိုးစပါးအစားထိုးသီးနှံများစိုက်ပျိုးရန်တစ် ဖက်ပိတ်လျှိုပိတ် ဆည်တည်ဆောက်နိုင်ရန်အတွက် မြေနေရာရှာဖွေထားရှိမှုအခြေအနေများ မိုးစပါးစိုက်ပျိုးထားသည် လယ်​မြေအခြေအနေများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)