ရန်ကင်း အောက်တိုဘာ ၁၃
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိသည့် Community Based Facility Quarantine Centre များရှိ လိုအပ်သည့်နေရာ များတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ငွေကျပ် (၈၃၅,၁၀၀) တန်ဘိုးရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများအား ယမန်နေ့ နံနက် ၁၀ နာရီအချိန် က မြို့နယ်ကိုဗစ်-၁၉ ကော်မတီသို့ လာရောက်လှူဒါန်းခဲ့ကြသည်။
ထိုသို့လှူဒါန်းရာတွင် ငွေကျပ် (၈၃၅,၁၀၀) တန်ဘိုးရှိ Surgical Gown အထည် (၅၀) ၊ Plastic Apron (၁၀၀) ခုပါ (၂) ထုပ်၊ Surgical Mask အခု (၁၀၀၀) ၊ Face Shield အခု (၂၀၀)၊ KN 95 Mask အခု (၂၀)၊ လက်အိတ် (၁၀၀) ခုပါ (၂) ဘူး၊ အရက်ပျံ (500ml) (၅) ဘူး၊ ရေမလိုလက်သန့် ဆေးရည် (500ml) (၅)ဘူး၊ လက်ဆေးဆပ်ပြာရည် (500ml) (၅) ဘူး၊ သွားတိုက်ဆေး၊ သွားတိုက်တံနှင့် ဆပ်ပြာတုံး (၃) မျိုးတွဲ (၅၀) စုံ၊ မြက်ဖျာ၊ ခေါင်းအုံး၊ ခေါင်းအုံးစွပ်၊ စောင်၊ ခြင်ထောင်နှင့် ဂွမ်းကပ် (၅၀) စုံ၊ ရေချိုးခွက်၊ သောက်ရေခွက်နှင့် ဆပ်ပြာခွက်(၅၀)စုံတို့အား လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက လာရောက် လှူဒါန်းခဲ့ကြရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌတို့မှ လက်ခံရယူပေးခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ခင်လေး(ပြန်/ဆက်)