သံတွဲမြို့၌ ဧက(၁၀၀) တစ်ဧက တင်း(၁၀၀)ထွက်ရှိရေး စံပြကွက် ကွင်းသရုပ်ပြပွဲကျင်းပွဲကျင်းပ

သံတွဲ  ဇူလိုင်  ၂၄

သံတွဲမြို့၌ ဧက(၁၀၀) တစ်ဧက တင်း(၁၀၀)ထွက်ရှိရေး စံပြကွက် ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီက အလယ်ရွာကျေးရွာရှိ တောင်သူဦးတင်ထွန်းနှင့် ဦးခင်မောင်သိန်းတို့၏ လယ်ယာမြေ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် တာဝန်ရှိသူများသည် အလယ်ရွာကျေးရွာရှိ တောင်သူ ဦးတင်ထွန်းနှင့် ဦးခင်မောင်သိန်းတို့၏ လယ်ယာမြေ စံပြစိုက်ကွက်အတွင်း GW-11 စပါးမျိုးများ စိုက်ပျိုးထားရှိမှုအခြေအနေနှင့် စိုက်ပျိုးနေမှုတို့ကို ကြည့်ရှုအားပေးခဲ့ရာ ခရိုင် ဦးစီးမှူး ဦးအောင်မိုးမြင့်က မျိုးစပါးပျိုးထောင်ထားရှိမှု၊ ရေတော်မိုးတော်စိုက်ပျိုးရမည့် နည်းလမ်းများနှင့် သတ်မှတ် အထွက်နှုန်းရာထားချက် ပြည့်မီအောင်ထွက်ရှိရေးအတွက် တောင်သူများအား အသိပညာဖြန့်ဝေဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

သံတွဲမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် အလယ်ရွာကျေးရွာတွင် ဧက(၁၀၀) တစ်ဧက တင်း (၁၀၀)ထွက်ရှိရေး စံပြကွက်အား GW-11 (၇၀.၀၀)ဧက နှင့် ဆင်းသုခ(၃၀.၀၀)ဧက စုစုပေါင်း ဧက(၁၀၀)အား စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ခရိုင်ဦးစီးမှူးထံမှ သိရသည်။

အဆိုပါ ဧက(၁၀၀) တစ်ဧက တင်း(၁၀၀)ထွက်ရှိရေး စံပြကွက် ကွင်းသရုပ်ပြပွဲသို့ သံတွဲ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးအောင်မိုးမြင့်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ၊မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးဦးဇော်ထွန်းခိုင်နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

သန့်ဇင်(ခရိုင်ပြန်/ဆက်)