အမ်း ဇူလိုင် ၂၃
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး မိုးစပါး ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ ယနေ့ နံနက်(၁၀)နာရီအချိန်က အမ်း မြောက်ကျေးရွာအုပ်စု၊ ဆူးပုတ်ပျဉ်းတောကျေးရွာ အခြေခံပညာမှုလတန်းကျောင်း၌ ဒေသခံပြည်သူများနှင့် တွေဆုံပွဲကျင်းပပြုလုပ်ခဲ့သည်။ အမ်းမြောက်ကျေးရွာအုပ်စု၊ ဆူးပုတ်ပျဉ်းတောကျေးရွာရှိ ကွင်းအမှတ်- ၂၇၁ ၌ လယ်မြေ တောင်သူ ၇၈ ဦးတွင် လယ်မြေ ၁၂၄ ဧက၊ ဥယာဉ်တောင်သူ ၄၀ ဦးတွင် ဥယာဉ်မြေ ၉၂ ဧကနှင့် ကိုင်းတောင်သူ ၃၈ ဦးတွင် ကိုင်းမြေ ၃၈ ဧက ရှိရာ ဒေသခံတောင်သူများက စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြသည်။
ရှေ့ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး မိုးစပါးရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေးအတွက် မိုးစပါးစိုက်ပျိုးရန် မျိုးသန့် မျိုးစေ့ ရရှိရေး၊ သဘာဝဓါတ်မြေဩဇာသုံးစွဲနိုင်ရေး၊ စိုက်ပျိုးရေးနည်းပညာအသုံးပြု၍ စပါးပင်များအား နည်းမှန်၊ လမ်းမှန် စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် စပါးနှင့်စားသုံးသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် လျှပ်စစ်မြစ်ရေတင်စနစ်ဆိုလာစနစ်ဖြင့် ရေတင်ပေးနိုင်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မိုးစပါးရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေးနှင့်ရာသီအလိုက် စပါးနှင့် စားသုံးသီးနှံများ စိုက်ပျိုးနိုင်ရန် ရေရ ရှိရေးကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဒေသခံတောင်သူများမှမိုးစပါးစိုက်ပျိုးရန် ပြောင်းလဲလာသည့် ရာသီဥတုအခြေအနေနှင့်လတ်တလေ မိုးရွာသွန်းမှုနည်း ပါးသောကြောင့် စပါးစိုက်ပျိုးရန် ကြုံတွေ့နေရသည့်အခြေအနေ၊ ယမန်နှစ် စပါးစိုက်ပျိုးနိုင်မှုအ ခြေအနေ၊ စပါးစိုက်ပျိုးနိုင်မှုမရှိပါက အစားထိုးသီးနှံ စိုက်ပျိုးရန် ဆောင်ရွက်ထားရှိမှု၊ စပါးနှင့်စားသုံးသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် လျှပ်စစ်မြစ်ရေတင်စနစ်ဖြင့် ရေတင်ပေးနိုင်ရေး၊စိုက်ပျိုးနိုင်ရေးအတွက် ရေအရင်းအမြက်ရရှိလျှင် မိမိတို့၏ကျေးရွာ၌ အလုပ်အကိုင်အခွင့်အလမ်းများတိုးတက်လာပြီး လူနေမှုဘဝတိုးတက်လာမည်ဖြစ်ကြောင်း တင်ပြဆွေးနွေးကြရာ တောင်သူများတင်ပြချက်များအပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများက မိုးစပါးရာနှုန်းပြည့်စိုက် ပျိုးနိုင်ရေးအတွက်လိုအပ်ချက်များ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များတင်ပြရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌကဆွေးနွေချက်များအပေါ် ဖြည့်စွတ်ဆွေးနွေးပေးခဲ့ပြီး မိုးစပါးစိုက်လယ်မြေများအား ကွင်းဆင်းကြည့် ရှု့စစ်ဆေးခဲ့ကြကြောင်း သိရသည်။
စိုးမင်းထွန်း (ပြန်/ ဆက်)