မိုင်းရှူး ဇူလိုင် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းမြင့်ဝင်းနှင့်ဝန်ထမ်းများက ပန်းခင်းစီမံချက်၂ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဝမ်လွိုင်ကျေးရွာအုပ်စု၊ ဝမ်လွိုင်ကျေးရွာရှိ ရွာသူရွာသားများအား ယမန်နေ့နံနက်(၉)နာရီခွဲအချိန်က မိုင်းရှူးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနရုံးတွင် ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ဆောင်ရွက်မှုများကို တာဝန်ရှိသူများက သွေးစစ်ပေးခြင်းနှင့် ဓါတ်ပုံရိုက်ပေးခြင်းများဆောင်ရွက်ပေးပြီး အသက်(၁၆)နှစ်နှင့်(၁၈)နှစ်အကြား(၁၁)ဦး၊ အသက်(၁၈)နှစ်နှင့်အထက်(၁၅)ဦး စုစုပေါင်း(၂၆)ဦး ဆောင်ရွက်ပေးပြီး အိမ်ထောင်စုလူဦးရေစာရင်းမရှိ နေထိုင်သူ စာရင်း(၁၁၅)စု အနက်(၈၃)စု အိမ်ထောင်စုလူဦးရေစာရင်းဇယား ပုံစံ(၆၆/၆)အား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းလူ(ပြန်/ ဆက်)