ရန်ကုန် ဇူလိုင်လ ၂၃
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ် ကြက်ခြေနီအသင်းခွဲ တို့ပူးပေါင်းဖွင့်လှစ်ခဲ့သော ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲကို ယမန်နေ့က အဆိုပါ ပညာရေးဒီဂရီကောလိပ်၌ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်းတက်ေရာက် အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်က အမှာစကားပြောကြားခဲ့ပြီး ထူးချွန်ဆုရရှိသူများနှင့် သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် ကြက်ခြေနီအသင်းဝင် အဆိုပြုလွှာများကို ပေးအပ်ခဲ့ပြီး သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးဒေါက်တာငြိမ်းသီအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါသင်တန်းဆင်းပွဲသို့ အသင်းအချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာတင်မောင်လှိုင်၊ အချိန်ပိုင်းအလုပ် အမှုဆောင် ဦးကျော်မိုးကြည်၊ အထွေထွေအတွင်းရေးမှူး ပါမောက္ခဒေါက်တာထင်ဇော်စိုး၊ ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဌေးနှင့် ကော်မတီဝင်များ၊ သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်မှ တာဝန်ရှိသူများနှင့် သင်တန်းသား/ သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ ဆက်)