သထုံ အောက်တိုဘာ ၁၃
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာ၊ ဒုံသမိတံတားထိပ်ရှိ ကိုဗစ်-၁၉ ရောဂါ Antigen Test Kits ဖြင့် စစ်ဆေးသည့် စခန်း၌ တာဝန်ယူဆောင်ရွက်နေကြသူများအတွက် ရောဂါကာကွယ်ရေး PPE ဝတ်စုံများကို ယနေ့ နေ့လယ်က သထုံမြို့ရှိ ကွက်လပ်ကလေး တွေဖြည့်အဖွဲ့မှ သွားရောက်လှူဒါန်းပေးခဲ့ကြသည်။
ဒုံသမိတံတားထိပ်ရှိ ဒူးရင်းဆိပ်ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ကွပ်လပ်ကလေးတွေဖြည့် အဖွဲ့ဝင်များက PPE ဝတ်စုံ ၂၀ စုံအားပေးအပ်လှူဒါန်းရာ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသင်းသင်းအိနှင့် တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ထိန်းချုပ်နိုင်ရန် မွန်ပြည်နယ်မှ ကရင်ပြည်နယ်အတွင်းသို့ အခြားသော ယာဉ်ငယ်များ၊ လူများကို ဒုံသမိတံတားမှတစ်ဆင့် ဖြတ်သန်းခွင့်မပြုတော့ဘဲ ကုန်စည်စီးဆင်းမှုမပြတ် တောက်စေရေးအတွက် ကုန်တင်ယာဉ်များနှင့် ယာဉ်မောင်း ယာဉ်နောက်လိုက်များကိုသာ ကိုဗစ် -၁၉ Test kit ဖြင့်စစ်ဆေးပြီးမှ ဖြတ်သန်းခွင့်ပြုခြင်းကို နေ့စဉ် မနက် ၇ နာရီမှ ည ၁၀ နာရီအထိ စခန်းဖွင့်လှစ် ဆောင်ရွက်လျှက်ရှိရာ အဆိုပါ လုပ်ငန်းဆောင်ရွက်နေသူများ အန္တရာယ်ကင်းရှင်းစေရန် PPE ဝတ်စုံများကို ဖြည့်တင်း လှူဒါန်းပေးခြင်း ဖြစ်ကြောင်း ကွပ်လပ်ကလေးတွေဖြည့်အဖွဲ့ထံမှ သိရသည်။
သက်ဦး(သထုံ)