ချမ်းမြသာစည် ဇူလိုင် ၂၃
မန္တလေးတိုင်းဒေသကြီး၊ချမ်းမြသာစည်မြို့နယ်၊ ၆၈x၇၃လမ်း၊ ၁၀၂x၁၀၇ လမ်း၊ မန္တလာသိရီ အားကစားဝန်း အတွင်းရှိ Multipurposeခန်းမတွင် မြန့်မာနိူင်ငံ မြန်မာ့ရိုးရာခြင်းလုံးအဖွဲ့ချုပ်၏ နှစ်( ၇၀) ပြည့်အထိမ်းအမှတ် ခြင်းအလှခတ်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး၊ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကား ပြောကြားပြီးနောက် မြန်မာနိူင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် နာယက ဦးစိုးတင့်က နှစ်( ၇၀) ပြည့် အထိမ်းအမှတ် ခြင်းအလှခတ်ပြိုင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီးမြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသက်လွင်က ကျေးဇူးတင်စကား ပြောကြားခဲ့ပြီးဝန်ကြီးချုပ်နှင့်အဖွဲ့မှ ခြင်းလုံးအားကစားသမားများအား လိုက်လံနုတ်ဆက်၍ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ခြင်းအလှခတ်ပြိုင်ပွဲတွင် ပြိုင်ပွဲ၀င်အသင်းအသင်း (၁၀)သင်း ပါ၀င်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ မြန်မာနိူင်ငံရိုးရာ ခြင်းလုံးအဖွဲ့ချုပ် နာယက ဦးစိုးတင့်၊ ဥက္ကဋ္ဌ ဦးသက်လွင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ လူမှုရေးရာဝန်ကြီး ဦးအောင်မင်း၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ တိုင်းဥပဒေချုပ် ဦးမြင့်အောင်နှင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ၊ အားကာ(သိပ္ပံ)မှ ကျောင်းသား/ သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ကျော်စွာ (ပြန်/ ဆက်)