ကျိုက်ထိုမြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်

ကျိုက်ထို ဇူလိုင် ၂၃

မွန်ပြည်နယ်၊ကျို က်ထိုမြို့နယ်တွင်အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များကို ယမန်နေ့ နံနက်ပိုင်းက ကျိုက်ထိုမြို့နယ်အတွင်း အိမ်တိုင်ရာ ရောက်လိုက်လံ ထောက်ပံ့ပေးခဲ့သည်။

အဆိုပါထောက်ပံ့ပေးအပ်ရာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ၊ မေ၊ ဇွန် ပထမ (၃)လပတ်အတွက် ကျိုက်ထိုမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုး/ အဘွားများကို တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် အဘိုး/ အဘွား (၅၃၄)  ဦးတို့အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေ ၁၆၀၂၀၀၀၀/ (ကျပ်တစ်ရာ့ ခြောက်ဆယ်နှစ်သောင်းတိတိ) အား လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာလွင်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ အဘိုး/ အဘွားများထံ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျိုက်ထို (ပြန်/ ဆက်)