နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် မိုးရာသီလူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ တက်ရောက်ခြင်း၊ ရှမ်းကန်တွင် ရေလယ်ကျောင်းဆောင်နှင့် လျှောက်လမ်းတံတား တည်ဆောက်နေမှု၊ လမ်းတိုးချဲ့ဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အတွက် နေပြည်တော်  ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိရပ်ကွက်၌ ၂၀၂၃ ခုနှစ် မိုးရာသီလူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယမန်နေ့နံနက်  ၇ နာရီခွဲ အချိန်တွင် ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိရပ်ကွက်ရှိ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ရပ်ကွက်မှ ပြည်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အမှာစကားပြောကြားရာတွင် ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်၊ သစ်တော ဖုံးလွှမ်းမှုကောင်းမွန်စေရန်နှင့် ဂေဟစနစ်ထိန်းသိမ်းနိုင်စေရန်အတွက် သစ်တောထိန်းသိမ်းရေး လုပ်ငန်း များတွင် ပြည်သူအများ တက်ကြွစွာပူးပေါင်းပါဝင်လာစေရေး တိုက်တွန်းနှိုးဆော်ရန်ရည်ရွယ်၍ ကျင်းပ ခြင်းဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေသည် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော် ဖြစ်သည်နှင့်အညီ စိမ်းလန်းစိုပြည်သာယာလှပစေရေး၊ လူနေမှုအဆင့်အတန်းမြင့်မားစေရေး၊ သာယာလှပပြီး အဆင့်မီသည့် Green City၊ Clean City၊ Smart City ဖြစ်စေရေးတို့ကို ရည်မှန်း ဆောင်ရွက်လျက်ရှိကြောင်း၊ သစ်ပင်များကို စိုက်ပျိုးရုံ သာမကအပင်များ ရှင်သန်အောင် စနစ်တကျပြုစု ထိန်းသိမ်းဆောင်ရွက်သွားကြဖို့ လိုအပ်ပါ ကြောင်း၊ သစ်တောသယံဇာတများ သားစဉ်မြေးဆက် ရေရှည်တည်တံ့စေရေး၊ သဘာဝဘေး အန္တရာယ်များ တားဆီးကာကွယ် ရေးနှင့် ရာသီဥတု ပြောင်းလဲမှု လျှော့ချနိုင်ရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေ ရေးတို့အတွက် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောပြုစုထိန်းသိမ်းခြင်း လုပ်ငန်းတွေကို ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အမှတ်တရအဖြစ် ခရေပင်ကို စိုက်ပျိုးပေးသည်။

ထို့နောက် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ လူမှုရေး အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ရပ်ကွက် မှ ပြည်သူများက သတ်မှတ်နေရာများအလိုက် သစ်ပင်များကို တပျော်တပါးစိုက်ပျိုးကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ခရေ၊ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မဟော်ဂနီ၊ သစ်ဖြူ၊ မန်ကျည်း၊ စိန်ပန်း စသည့်သစ်ပင်များကို စုပေါင်းစိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

ယနေ့ ကျင်းပသည့် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားများကို ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ် ရှစ်မြို့နယ်ရှိ ရပ်ကွက် ၃၃ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၀၂ အုပ်စုတွင် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့်  တာဝန်ရှိသူများက သက်ဆိုင်ရာ မြို့နယ်များ၌ သတ်မှတ် နေရာများတွင် ပြည်သူများနှင့်အတူ ခရေ၊ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မဟော်ဂနီ၊ သစ်ဖြူ၊ မန်ကျည်း၊ စိန်ပန်း စသည့်သစ်ပင် စုစုပေါင်း ၈၂၁၁ ပင်ကို စိုက်ပျိုးခဲ့ကြကြောင်းသိရ သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ ရပ်မိရပ်ဖများနှင့်အတူ ပျဉ်းမနားမြို့နယ်၊ ကန်တော်မင်္ဂလာရှမ်းကန်တွင် အဆင့်မြှင့်တင်တည်ဆောက်လျက် ရှိသော ရေလယ်ကျောင်းဆောင်နှင့် လျှောက်လမ်း တံတားတည်ဆောက်နေမှု၊ ကန်တော်မင်္ဂလာရှမ်းကန် ပတ်လည်တွင် မြေယာရှုခင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တည်ဆောက် ရေးလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မီစွာဆောင်ရွက်ရန်၊ မြေယာရှုခင်းလုပ်ငန်းများအား အချိန်မီပြီးစီးရေးဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို မှာကြားသည်။

ထိုမှတစ်ဆင့်  နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင်သည် နေပြည်တော်စည်ပင်သာယာ ရေးကော်မတီမှ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ လိုက်ပါလျက်  ပုဗ္ဗသီရိမြို့နယ်ရှိ ကုမုဒြာကြာပန်းအဝိုင်း (ရာဇသင်္ဂဟလမ်းမှ ရာဇဌာနီလမ်းသို့ အဝင်လမ်း)နှင့် တော်ဝင် ရတနာလမ်းမှ ရာဇဌာနီလမ်းသို့ အဝင်လမ်းတို့တွင် Free Way လမ်းတိုးချဲ့ဖောက်လုပ် ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ ဒက္ခိဏသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်းမှ စံပယ်လမ်းသို့ လမ်းကွေ့ နေရာတွင် Free Way လမ်းပြုပြင်တိုးချဲ့ဖောက်လုပ်နေမှုနှင့် Box Culvert လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ များကို လည်းကောင်း၊ သံတမန်ဇုံအတွင်းရှိ သစ်ခွလမ်းနှင့် မြတ်မင်္ဂလာလမ်း လမ်းဖြောင့်ဖောက်လုပ်ခြင်း လုပ်ငန်းနှင့် မြေသားပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း သွားရောက် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ လိုအပ်သည် များကို မှာကြားခဲ့ကြောင်းသိရသည်။

ထွန်းထွန်းဝင်း(ပြန်/ ဆက်)