ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဗိုလ်တထောင် ဇူလိုင် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဇူလိုင်လ ၂၀ ရက် နေ့လယ် (၁) နာရီအချိန်က ခရိုင်နှင့် မြို့နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့တို့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပခဲ့ကြောင်းသိရသည်။

အစည်းအဝေးတွင် ပထမဦးစွာခရိုင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်လွင်နှင့် ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ကျော်ထွန်းတို့က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အဆင့်ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အဖွဲ့ဝင်များမှ ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ပြီး ဗိုလ်တထောင်ခရိုင်အတွင်းရှိ မြို့နယ်၅ မြို့နယ်မှ တက်ရောက်လာကြသော မြို့နယ်အဆင့်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများမှ မိမိတို့မြို့နယ်အတွင်း ဆောင်ရွက်ထားရှိမှု အခြေအနေများအား ပါဝါပွိုင့်များဖြင့် ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသော ဌာနဆိုင်ရာအဖွဲ့ဝင်များမှ အထွေထွေ အကြံပေးဆွေးနွေးခဲ့ကြရာ ခရိုင်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်း ရှင်းရေးအဖွဲ့ ဥက္ကဌဦးအောင်လွင်မှ နိဂုံးချုပ်အမှာစကား ပြောကြား၍ အစည်းအဝေးကို ညနေ ၅ နာရီတွင် ပြီးမြှောက်ကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ ဆက်)