ကွန်ဟိန်း ဇူလိုင် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ် အစိုးရ၀န်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်း(လီမိတက်)၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက နမ့်ပန်ခန်းမ၌ ကျင်းပရာ သဘာပတိ ဒေါ်သောင်းသောင်းအေးနှင့် မြို့နယ်သမဝါယမဦးစီးဌာနမှ ဒေါ်နိုင်နိုင်ဦးတို့က အမှာစကားပြောကြားသည်။
ထို့နောက် အမှုဆောင်အဖွဲ့၀င်များက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အမှုဆောင်အဖွဲ့ အစီရင်ခံစာ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အသင်းသားစာရင်းစစ် အစီရင်ခံစာ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၏ ဘဏ္ဍာရေးရှင်းတမ်းများကို ဖတ်ကြားကြပြီး သဘာပတိမှ အတည်ပြုချက် ရယူခဲ့သည်။
မြို့နယ် (ပြန်/ဆက်)