ချောင်းဆုံမြို့နယ်ရှိ ဌာနဆိုင်ရာများနှင့် ဒေသခံများအတွက် လက်ဆေးဆပ်ပြာများ လှူဒါန်း

ချောင်းဆုံ အောက်တိုဘာ ၁၃

မွန်ပြယ်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ (CBFQ) စခန်းများ နှင့် ဒေသခံ များအတွက် ကိုဗစ်−၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် လက်ဆေးဆပ်ပြာများကို ယနေ့နံနက် (၁၁) အချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ တွင် ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာန ၊ နွေးထွေးသောရင်ခွင် အဖွဲ့နှင့် Care Myaanmar တို့ ပူးပေါင်းပြီး လာရောက်လှူဒါန်း ခဲ့ကြောင်းသိရသည်။

လက်ဆေးဆပ်ပြာများကို မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များအားလုံးကို သွားရောက် လှူဒါန်းခဲ့ပြီး ချောင်းဆုံမြို့နယ်အတွက် လက်ဆေးဆပ်ပြာ (၁၄၁) ဖာ တန်းဖိုငွေကျပ် (၄၇) သိန်းခန့် ကို လာရောက်လှူဒါန်းပေးခြင်းဖြစ်ပြီး ကိုဗစ်−၁၉ ရောဂါနှင့် ပတ်သက်၍ အခြား အသိပညာပေး ခြင်းလုပ်ငန်းများ ကိုလည်း မွန်ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိကြောင်း နွေးထွေးသောရင်ခွင် အဖွဲ့ ဥက္ကဋ္ဌ  ဦးဇော်မိုးအောင်က ပြောသည်။

အဆိုပါ လှူဒါန်းပေးအပ်ပွဲကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးသိုက်ထွန်း နှင့် ဌာနဆိုင်ရာများ ၊ သက်ဆိုင်ရာ လူမှုရေး အသင်းအဖွဲ့ဝင် များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကေအေ(ချောင်းဆုံ)