သပိတ်ကျင်း ဇူလိုင် ၂၃
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ စမ္ပါယ်နဂိုရ်ကျေးရွာအုပ်စု၊ ညောင်ရင်းကျေးရွာ၊ အုန်းပိုင်ကျေးရွာမှ ဝါသီးနှံနှင့် မိုးစပါးစိုက်တောင်သူများ ပန်းတိုင်အထွက်နှုန်းရရှိရေးဆောင်ရွက်နေမှု့နှင့် ပညာပေးဆွေးနွေးမှု့များအား ယမန်နေ့ နံနက်ပိုင်းကခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်တင့်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသန်းထိုက်အောင်၊ အဖွဲ့ဝင်ဗိုလ်မှူးဝင်းမြတ်သူနှင့် တာဝန်ရှိသူများကွင်းဆင်းသွားရောက်ကြည့်ရှုခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဋ္ဌာနဦးစီးမှူးဦးကိုကိုကြီးမှ တောင်သူများအားအသိပညာပေးလုပ်ငန်းများနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီရေးလုပ်ငန်းဆောင်ရွက်ချက်များကို တာဝန်ရှိသူများအား ရှင်းလင်းပြောကြားခဲ့ပြီး တောင်သူဦးအောင်မြင့်စိုက်ပျိုးထားသည့် ဝါစိုက်ခင်းနှင်တောင်သူဒေါ်ကြည်အေးစိုက်ပျိုးထားသည့် စပါးစိုက်ခင်းများသို့ကွင်းဆင်းသွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များဆွေးနွေးမှာကြားခဲ့သည်။
ထို့နောက် အုန်းပိုင်ကျေးရွာမှ မိုးစပါးစိုက်တောင်သူများထံသို့ စိုက်ပျိုးရေးဦးစီးဋ္ဌာနမှ ဖြန့်ဝေပေးသော ယူးရီးယားဓာတ်မြေသြဇာများအား ခရိုင်အုပ်ချုပ်ရေးမှူး နှင့်တာဝန်ရှိသူများမှ ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။
မြို့နယ်( ပြန်/ဆက်)၊ သပိတ်ကျင်း