ကျောက်ဖြူ ဇူလိုင် ၂၃
ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ၊ မြို့မိ၊မြို့ဖများသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေးအတွက် စေတီယျ ရပ်ကွက်၊ စေတီယျတောင်ရှိ သာသနိကအဆောက်အဦအနီးတဝိုက်တွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုအား ကြည့်ရှုအားပေးသည်။
ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ၊ မြို့မိ၊မြို့ဖများသည် ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်အတူ ကျောက်ဖြူမြို့၊ စေတီယျရပ်ကွက်သို့သွားရောက်ပြီး အဆိုပါရပ်ကွက်ရှိ စေတီယျတောင် (ဓာတ်ပေါင်းစုစေတီ)၌ရှိသော သာသနိကအဆောက်အဦများနှင့် ဘုရားစေတီများအနီး ပေါက်ရောက်နေသည့် ခြုံနွယ်၊ ပေါင်းပင်၊ မြက်ပင်များအား ကျောက်ဖြူတပ်နယ်မှ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများမှ ခုတ်ထွင်ရှင်းလင်းခြင်း၊ ဘုရားကုန်းတော်အတက်ကားလမ်း၊ စောင်းတန်းလမ်း ဘေးဝဲ/ ယာရှိ ခြုံနွယ်၊ ပေါင်းပင် များအား စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုတို့ကို ကြည့်ရှုအားပေးသည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေကြသူများကို တိုင်းရင်းဆေးလုပ်ငန်းရှင်များမှ ပေးပို့လှူဒါန်းထားသည့် တိုင်းရင်းဆေးမျိုးစုံအား ဝေငှပေးခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ ဆက်)