သိန္နီ ဇူလိုင် ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ အမှတ်(၃)ရပ်ကွက် ကံ့ကော်ကုန်း၌ တည်ထားတော်မူသော စဝ်ကော်မိန်း ပရသိဟိံဂ ဗုဒ္ဓရုပ်ပွားတော် ဌာပနာသွင်းခြင်းနှင့် အနေကဇာတင်ခြင်း အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်း ၉ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ် ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ သံဃအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တသြဓသ မိုင်းပါကျောင်း ဆရာတော်ထံမှ ငါးပါးသီလခံ ယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် သာသနာသွင်းတော်မူမည့် ဓါတ်တော်မွေတော်များနှင့် ပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးနေလင်းထွန်းနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များက ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဗုဒ္ဓရုပ်ပွားတော်အား လက်ယာရစ်သုံးပတ်ရစ်ပူဇော်ပြီး မင်္ဂလာအချိန်တွင် ဆရာတော်ကြီးများမှ ဦးဆောင်၍ ဌာပနာသွင်းတော်မူခဲ့သည်။ ထို့နောက် ဆရာဒကာများမှ “ဗုဒ္ဓသာသနံ စိရံတိဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အလှူတော်မင်္ဂလာအခမ်းအနား ရုပ်သိမ်းပြီး ရွှေမိုးငွေမိုးရွာခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)