မုဒုံ ဇူလိုင် ၂၃
မွန်ပြည်နယ်၊ မုဒုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအိတ်ချုပ်သင်တန်းဆင်းပွဲကို ဇူလိုင် ၂၁ ရက်နေ့က နိုင်လှုံကျေးရွာရှိ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ပြုလုပ်သည်။
အခမ်းအနားတွင် မော်လမြိုင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်ခင်နွယ်ဦးက ဌာန၏လုပ်ငန်းစဥ်အကြောင်းအရာများ၊ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သင်တန်းများဖွင့်လှစ်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ တက်မြောက်ထားသည့် ပညာရပ်များအသုံးချကာ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေ၍ မိသားစုစားဝတ်နေရေးအဆင်ပြေစေရန်၊ အိမ်တွင်းလက်မှုပညာရပ်များ တိုးပွားလာစေရန်နှင့် ပိုမိုလေ့လာသင်ယူကြရန် သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်ကို ပေးအပ်ခဲ့သည်။ ထို့နောက်မြို့နယ်ဦးစီးမှူးက သင်တန်းနည်းပြအား လက်ဆောင်ပစ္စည်းကို ပေးအပ်သည်။
သင်တန်းကို နည်းပြနှစ်ဦးမှ ဖုန်းအိတ်၊ ဖိုင်အိတ်၊ ဇစ်နှစ်ထပ်အိတ်၊ ဘေးလွယ်အိတ်၊ ဘောပင်အိတ်၊ ခရုပိုက်ဆံအိတ်၊ ခေါက်အိတ်၊ ဖရုံအိတ်ချုပ်နည်းတို့ကို ၁၅ ရက်ကြာ စာတွေ့လက်တွေ့ဖြင့် သင်တန်းသူ(၂၀)ဦးကို သင်ကြားပေးခဲ့ကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)