ဆီဆိုင် ဇူလိုင် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ဟောပြောပွဲနှင့် စာဖတ်ဝိုင်းပြုလုပ်ပေးခြင်းကို ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီက ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာအတွင်းရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဆီဆိုင်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးကြီးဒဲရယ်က “လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်စာရိတ္တ” စသည့်ခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ သင်တန်းသူများအား စာဖတ်ဝိုင်းပြုလုပ်ပေး၍ မိမိတို့ဖတ်ရှု လေ့လာထားသည့် စာအုပ်များထဲမှ အကြာင်းအရာများကို ပြန်လည်မျှဝေ ဆွေးနွေးစေ ခဲ့ကြကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)