ခရမ်း အောက်တိုဘာ ၁၃
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ဈေးများ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေးအသိပညာပေးခြင်းနှင့် ဈေးများအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိမရှိစစ်ဆေးခြင်းနှင့် Mask တပ်ဆင်မှုမရှိသူများကို အရေးယူခြင်းများအား ယမန်နေ့ နံနက် ၇ နာရီက မြို့မဈေးကြီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရမ်းမြို့နယ် စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် ကော်မတီအဖွဲ့ဝင်များ၊ ခရမ်း မြို့နယ်စည်ပင် သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ ဦးမိုးကျော်နှင့် တာဝန်ရှိသူများ၊ ဈေးတာဝန်ခံများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတ အဖွဲ့များ ကျန်းမာရေး ဝန်ထမ်းများ ပူးပေါင်းကာ ဈေးအတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးအသိ ပညာ ပေးခြင်း၊ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ စနစ်တကျဈေး ရောင်း ချခြင်းများရှိမရှိစစ်ဆေးခြင်းဈေးရောင်း ချသူများနှင့် ဈေးဝယ်လာပြည်သူများအားကိုယ် အပူချိန် တိုင်းပေးခြင်း၊ လက်သန့်ဆေးဖြင့်လက် ဆေးစေခြင်း၊ ပါးစပ်နှာခေါင်းစည်း Mask များ (အခမဲ့) ဖြန့်ဝေပေးခြင်းများနှင့် ဈေးမျာအတွင်း Mask တပ်ဆင်မှုမရှိသော ဈေးရောင်းချ သူများနှင့် ဈေးဝယ်သူများအား ဒဏ်ရိုက်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရမ်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဈေးများအတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး အတွက် ပါးစပ်နှာခေါင်းစည်း Mask မတပ်ဆင်ဘဲ ဈေးရောင်းချခြင်း၊ ဈေးဝယ်ခြင်းများ စစ်ဆေးတွေ့ရှိပါက ပထမအကြိမ် သတိပေးခြင်း၊ ဒုတိယအကြိမ် မလိုက်နာပါက ဒဏ် ငွေရိုက်ခြင်း ၊တတိယအကြိမ် စည်ကမ်း မလိုက်နာပါကဈေးရောင်းချခွင့် ရက်အကန့်အသက်မရှိ ပိတ်သိမ်းသည်အထိ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ခရမ်းမြို့နယ် စည်ပင်သာရေးကော်မတီ ဥက္ကဋ္ဌ ဦး အောင်နိုင်ဦးထံမှ သိရသည်။
ကိုမင်း(ခရမ်း)