လှိုင်မြို့နယ်၊ အ‌ခြေခံပညာ မူလတန်းကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

လှိုင် ဇူလိုင် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် ကျောင်းသား/သူများ ကျန်းမာ ပျော်ရွှင်စွာဖြင့် ပညာသင်ယူနိုင်ရန်အတွက် ယနေ့နံနက် ၉:၃၀နာရီက၊ အ.လ.က ၄ ကျောင်းတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ကျောင်းသား/သူ (၁၃၈) ဦး ထိုးနှံပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသော ကျောင်းသား/သူများကိုလည်း ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးသွားမည်​ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာသို့ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်ရေး၊ ကာကွယ်ဆေး ထိုးနှံမည့် သူများ မကျန်ရှိစေရေး၊ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် စနစ်တကျရှိစေရေးအတွက် ကျန်းမာရေးစစ်ကြောင်းနှင့် ပညာရေးစစ်ကြောင်းတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ကျန်းမာရေး၀န်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ မီးသတ် တပ်ဖွဲ့၀င်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၀င်များ၊ လူမှုရေး အသင်း၀င်များ ပူးပေါင်း၍  သတ်မှတ်ထားသည့် ဆေးထိုးစုရပ်နေရာများ၌ ဆက်လက်ထိုးနှံ ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ဝင်းသီတာမိုး