နွားထိုးကြီးမြို့၌ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အဖြစ် နှာခေါင်းစည်းနှင့် ဆပ်ပြာများဖြန့်ဝေ

နွားထိုးကြီး၊ အောက်တိုဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ အောက်တိုဘာ ၁၃ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အဖြစ် နှာခေါင်းစည်းနှင့်ဆပ်ပြာများဖြန့်ဝေခြင်းကို ယနေ့နံနက် ၉နာရီအချိန်က မြို့နယ်အတွင်းရှိ လမ်းသွားလမ်းလာပြည်သူများကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများသည် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မြို့နယ်အတွင်းရှိ လမ်းသွားလမ်းလာပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် နှာခေါင်းစည်း (၁၀၀)ခုနှင့် လက်ဆေးဆပ်ပြာ(၁၀၀)ခုတို့ကို လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်တာဝန်ခံထံမှ သိရသည်။

နိုင်လင်း(ပြန်/ဆက်)