ပုဗ္ဗသီရိ ဇူလိုင် ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဆင်ဖြူရှင်ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးဘေးရှိ မြေကွက်လပ်၌ နေပြည်တော်ကောင်စီဝင် နေပြည်တော်ရဲတပ်ဖွဲ့၊ ရဲမှူးကြီးကိုကိုလွင်၊ ပုဗ္ဗသီရိမြို့နယ်လုံးဆိုင်ရာ မိုးရာသီသစ်ပင်စိုက်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက တက်ရောက်ခဲ့သည်။
မိုးရာသီသစ်ပင်စိုက်ပျိုးအခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် နေပြည်တော်ရဲတပ်ဖွဲ့၊ ရဲမှူးကြီး ကိုကိုလွင်၊ ဇေယျာသီရိခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီးဇေယျာမင်း၊ ပုဗ္ဗသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး သန်းနိုင်ကျော်၊ အဖွဲ့ဝင် (၂) ဦးသန်းငွေ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ဇေယျာလင်းနှင့်အဖွဲ့များ၊ ပုဗ္ဗသီရိမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် သတ်မှတ်နေရာများတွင် ကျွန်းပင်၊ မဟော်ဂနီပင်၊ ခရေပင်၊ တမာပင်၊ စိန်ပန်းနီပင်၊ မန်ဂျန်ရှားပင်၊ ဆီသပြေပင်၊ ပိတောက်ပင် အစရှိသည့် စုစုပေါင်းအပင် ၅၀ တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
အလားတူ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုအသီးသီး၌လည်း မြို့နယ်စီမံအုပ်ချုပ်ရေးဦးစီးဌာန၏ ညွှန်ကြားချက်နှင့်အညီ သစ်ပင်များ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
လှိုင်မြင့်(ပုဗ္ဗသီရိ)