ညောင်ဦး ဇူလိုင် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း ဆောင်ရွက်နေသည့် ညောင်ဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ၂၀၂၃ ခုနှစ် ဧပြီလမှ ၂၀၂၄ ခုနှစ် မတ်လအထိ ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသော မြို့ပြလမ်း၊ တံတား၊ ရေပေးရေးနှင့် အခြားလုပ်ငန်းများဆောင်ရွက်မှု အခြေအနေများ ညောင်ဦးမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များက ယမန်နေ့ နံနက် ၁၀ နာရီ အချိန်မှ စတင်ကာ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ညောင်ဦးမြို့နယ်စည် ပင်သာယာရေးအဖွဲ့က ဆောင်ရွက်နေသည့် ပုဂံမြို့ သီရိပစ္စယာရပ်ကွက်၊ ယုဇနလမ်း ကတ္တရာခင်းခြင်း၊ ပုဂံမြို့၊ သီရိပစ္စယာရပ်၊ စွယ်တော်လမ်း ကတ္တရာခင်းခြင်း၊ ညောင်ဦးမြို့၊ အမှတ်(၃)ရပ်၊ ပျူစောထီးလမ်း၊ ထပ်ပိုးလွှာခင်းခြင်း၊ ပုဂံမြို့၊ ကျန်စစ်သားရပ်ကွက်၊ ၇ လမ်း၊ Boxculvert (၂)စင်းတည်ဆောက် ခြင်း၊ ညောင်ဦးမြို့ရေပေးရေး ၈ လက်မ GI အစားထိုးလဲလှယ်ခြင်း အောင်မြေသာအဝင်လမ်းနှင့် မုခ်ဦးမှ အောင်မြေသာအဝင်လမ်းအထိ ရေပေးရေး ၈ လက်မ GI ပိုက်အစားထိုးလဲလှယ်ခြင်း များအား ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် စီမံအဖွဲ့ဝင်များမှ ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲလုပ်ငန်းများ လိုက်လံစစ်ဆေးရာ ညောင်ဦးမြို့နယ် စည်ပင် သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးရဲနိုင်နှင့် တာဝန်ရှိသူများက လုပ်ကိုင်ဆောင်ရွက်နေ သည့် လုပ်ငန်းများအား ရှင်းလင်းခဲ့ကြောင်း သိရသည်။
ဒီပါလင်း