ကျိုက်မရော အောက်တိုဘာ ၁၃
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် ပြန်ကြား ရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေး ရုပ်ပုံများကို ယနေ့နံနက် ပိုင်းမှစ၍ ပြသဆောင်ရွက် ထားကြောင်းသိရသည်။
ထိုသို့ပြသဆောင်ရွက်ရာတွင် ကိုဗစ်- ၁၉ ရောဂါနှင့်ပတ်သက်သည့် အချက်အလက်များ၊ ထင်မြင်ယူဆချက်များ၊ မီဒီယာနှင့် သတင်းအချက် အလက် သိရှိနားလည်မှုရှိသော မိဘ အုပ်ထိမ်းမှု အတတ်ပညာ ၊လုပ်ကြံသတင်းများ ကျန်းမာရေးဆိုင်ရာ နည်းလမ်းများ၊ လူမှုမီဒီယာ ပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာ၌ ဆောင်ရန်/ရှောင်ရန်အချက်များ၊ သတင်းခွဲခြမ်းစိတ်ဖြာပုံနှင့် ထင်မြင်ယူဆချက်များ၊ အသိပညာ ပေးရုပ်ပုံများကို လမ်းသွား လမ်းလာ ပြည်များနှင့် အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုသိရှိနိုင်စေရန် ရည်ရွယ်၍ ခင်းကျင်းပြသ ပေးထားကြောင်းသိရသည်။
ချိုချို( ပြန်/ဆက်)