တန့်ယန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် အသုံးပြုရန်အတွက် Steaming Ron နှင့် Tumble Dryer လှူဒါန်း

တန့်ယန်း ဇူလိုင် ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် တပ်နယ်မိသားစုများနှင့် ဒေသခံစေတနာရှင်များ စုပေါင်း၍ မြို့နယ်ပြည်သူ့ဆေးရုံတွင် အသုံးပြုရန်အတွက် Steaming Ron နှင့် Tumble Dryer ကို ဇူလိုင်လ ၂၁ ရက်နေ့က ပေးအပ်လှူဒါန်းခဲ့ကြသည်။

အဆိုပါ Steaming Ron နှင့် Tumble Dryer ပေးအပ်လှူဒါန်းခြင်းတွင် နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီး ကျော်သူဝင်း ဇနီး ဒေါက်တာရတနာအောင်၊ တန့်ယန်းတပ်နယ်ရှိ တပ်ရင်း/တပ်ဖွဲ့ မိသားစုများ၊ စေတနာရှင်များမှ သုံးသိန်းခွဲတန်ဖိုးရှိ Steaming Ron နှင့် ငါးသိန်းတစ်သောင်းတန်ဖိုးရှိ Tumble Dryer တို့ကို ဗိုလ်မှူးနေလင်းနှင့် တာဝန်ရှိသူတို့က ပေးအပ်လှူဒါန်းရာ မြို့နယ်ပြည်သူ့ဆေးရုံမှ ဒေါက်တာစိုးသန်းထိုက်နှင့် ဆရာ/ဆရာမများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)