နမ္မတူ ဇူလိုင် ၂၂
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နမ္မတူမြို့နယ် ဦးစီးမှူးရုံးမှ ဇူလိုင်လ (၃)ရက်နေ့မှ စတင်ကာ နိုင်ငံသား တစ်ဦးချင်းစီ၏ ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက် လျက်ရှိရာ ယနေ့အထိ ဌာနဆိုင်ရာဝန်ထမ်းများ၊ မိသားစုဝင်များနှင့် စက်ရုံအလုပ်ရုံတို့ရှိ ပြည်သူ စုစုပေါင်း ၈၂၁ ဦးတို့အား ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူ၍ Unique ID နံပါတ် စာရွက်များ ထုတ်ပေးပြီးဖြစ်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းနှင့် အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန နမ္မတူမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမောင်းမာန်နှင့် ဝန်ထမ်းများက ဇူလိုင်လ (၂၁)ရက်နေ့တွင် သ.တ.လ (၇)ရပ်ကွက်ရှိ မြန်မာ့အထွဋ် အထိပ် သတ္တုတွင်းလုပ်ငန်းသို့ ကွင်းဆင်း၍ ပြည်သူ ၁၀၀ ဦးအား ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူ၍ တစ်ဦးချင်းစီအား QR Code ပါပြီး ဂဏန်း ၁၀ လုံးပါသည့် Unique ID နံပါတ်စာရွက်များ ထုတ်ပေးခဲ့သည်။
နမ္မတူမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ စုစုပေါင်း ၆၇၀ ဦးနှင့် စက်ရုံအလုပ်ရုံ တို့ရှိ ပြည်သူ ၁၅၁ ဦး၊ စုစုပေါင်းပြည်သူ ၈၂၁ ဦးတို့အား ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူ၍ တစ်ဦးချင်းစီ၏ Unique ID နံပါတ် စာရွက်များ ထုတ်ပေးပြီးဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန နမ္မတူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမောင်းမာန်ထံက သိရ သည်။
လူမော် (ပြန်/ဆက်)