သီပေါ ဇူလိုင် ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့နံနက် (၉)နာရီအချိန်က ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုပေးသောအဖွဲ့သည် မူကြိုကလေးများမှစ၍ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများကို သွားတိုက်ခြင်းသရုပ်ပြသခြင်း၊ လက်ဆေးခြင်း သရုပ်ပြသခြင်းနှင့် သွားတိုက်ခြင်း၊ လက်ဆေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ခြင်းဖြင့် ရောဂါများကို ကာကွယ်နိုင်ကြောင်း ရှင်းလင်းဟောပြောပေးခဲ့ပြီးနောက် ကျောင်းသား/ကျောင်းသူများ အားလုံးကို တစ်ကိုယ်ရေသန့်ရှင်းရေး စစ်ဆေးပေးခြင်း၊ သွားကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် သံချဆေးတိုက်ကျွေးခြင်းများကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ကျန်ရှိနေသော မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ကျန်းမာရေး အသိပညာပေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)