စဉ့်ကူး ဇူလိုင် ၂၂
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၌ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ (၃)နာရီအချိန်က ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စဉ့်ကူးမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်တင်တင်နုနှင့် အငယ်တန်းစာရေး ဒေါ်အေးဇင်မာတို့က အရွယ်မရောက် သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးအတွက် ၂၀၀၄ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှု ထမ်းခြင်းမှ ကာကွယ် တားဆီး ထိန်းသိမ်းရေးကော်မတီကို စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတော် အစိုးရနှင့် အိုင်အယ်(လ်)အို (International Labour Organization)၏ တိုင်ကြားမှုယန္တရားတွင်ပါရှိသော အချက်များမှ အဓမ္မခိုင်းစေမှု၊ အသက်အရွယ်မရောက် သေးသည့် ကလေးသူငယ်များအား စစ်မှုထမ်း စေခြင်းနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များ အကြောင်း၊ အရွယ်မရောက်သေးသည့် ကလေးသူငယ်များ အား စစ်မှုထမ်းစေခြင်းမှ ကာကွယ်မှု ပြုသော ဆောင်ရွက်မည့်အစီအစဉ်များနှင့် စနစ်များအကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အစိုးရနှင့် မြန်မာနိုင်ငံစောင့်ကြည့် လေ့လာရေးနှင့် အစီရင်ခံ တင်ပြရေး လုပ်ငန်းအဖွဲ့ (Country Task Force on Monitoring and Reporting - CTFMR) တို့အကြား “အရွယ် မရောက်သေးသူကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်း ရေး လုပ်ငန်းစီမံချက်” ကို ၂၀၁၂ ခုနှစ် ဇွန်လ ၂၇ ရက်တွင် လက်မှတ် ရေးထိုးခဲ့သည့် အကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အခန်း(၁၇) ကလေးသူငယ်နှင့် လက်နက်ကိုင် ပဋိပက္ခ ခေါင်းစဉ်ပါ ကလေးသူငယ်များနှင့် ပတ်သက်သည့် အချက်များစသည်တို့ကို ပြည်သူ များ ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)