လွိုင်လင် ဇူလိုင် ၂၂
လွိုင်လင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အ.ထ.က (၃) ကျောင်းတို့ ပူးပေါင်း ဖွင့်လှစ်သည့် မြန်မာ့သိုင်း အခြေခံ ၆၃ မောင်း သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွဋ် တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားပြီး ထူးချွန်သင်တန်းသားများအား ဆုချီးမြှင့် ပေးပါသည်။
ရှေးဦးစွာအခမ်းအနားကို ကျောင်းသား/သူ နှစ်ဦးက နှလုံးသားကိုအလှဆင်ပါ တေးသီချင်း သီဆို၍ဖွင့်လှစ်ပေးသည်။ ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ပညာရေးမှူး ဦးသန်းစိုး တို့က အသီးသီးအမှာစကားပြောကြားကြသည်။ ယင်းနောက် သင်တန်းနည်းပြ များအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်း၊ သင်တန်းထူးချွန်ဆုများကို တာဝန်ရှိသူများက ပေးအပ်ကြသည်။ဆက်လက်၍ သင်တန်းဆင်း ကျောင်းသား/သူများက သိုင်းသရုပ်ပြသကြ သည်။
အဆိုပါ မြန်မာ့သိုင်းအခြေခံသင်တန်း(၆၃)မောင်းကို ဇူလိုင်လ ၁ ရက်နေ့ မှ ဇူလိုင်လ ၂၁ ရက်နေ့အထိဖွင့်လှစ်သင်ကြားပေးပြီး သင်တန်းကို ကျောင်းသား/သူ ၃၀၀ ဦး တက်ရောက်ကြ ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်