ခရမ်း အောက်တိုဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ခရမ်းမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါကူးစက်မှု များကြောင့် အလုပ်အကိုင် အဆင်မပြေ၍ စာဝတ်နေရေး အခက်အခဲဖြစ်နေသည့် အိမ်ထောင်စု များအား အခြေခံစားသောက်ကုန်နှင့် အလှူငွေများလှူဒါန်းခြင်းကို ယမန်နေ့ နေ့လယ်ပိုင်း ခရမ်းမြို့ နယ်ဆင်ကျွန်းကျေးရွာတွင်ဆောင်ရွက်ခဲ့ကြသည်။
ခရမ်းမြို့နယ် ဆင်ကျွန်းကျေးရွာတွင် အိမ်ထောင်စု (၁၅၃ ) အိမ်ထောင်စုရှိပြီး ယခုအခါကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးကြောင့် ကျေးရွာနေ ပြည်သူများ စားဝတ်နေရေးပြေလည်စေရန်အတွက် ဆင်ကျွန်းကျေးရွာနေ ကိုဟန်မျိုးနိုင် (ခေတ္တ ကိုရီးယား) +မလဲ့ယဉ်ဝင်းမိသားစုမှ ကျေးရွာနေ ပြည်သူများအတွက် အိမ်ထောင်စုတစ်စုလျှင် ဆန်(၃ )ပြည် ၊ဆီ (၁)ပိသာ၊ ကြက်သွန်နီ+ကြက်သွန်ဖြူ(၇၀)သား ၊ခေါက်ဆွဲ/ကြာဇံ(၅)ထုပ် ၊ပဲနီပြား(၂)ဗူး စီနှင့် ကျေးရွာအတွက် လုံခြုံရေးနှင့်ကျန်းမာရေးအတွက် ပရဟိတဆောင်ရွက်နေကြသည့် ကျေးရွာ ပရဟိတအဖွဲ့ဝင် (၄၀)ဦးတို့အား ဆီတစ်ပိသာစီကို အလှူရှင် မိသားစုဝင်များက ပေးအပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။
ကိုမင်း(ခရမ်း)