ဇေယျာသီရိ ဇူလိုင် ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်စံအောင်အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ဖိတ်ခေါ် ၍ စာဖတ်ပြပါအစီအစဉ်ကို ယမန်နေ့ နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဇေယျာသီရိမြိုနယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်အောင်က ကလေးငယ်များအား ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး ကျောင်းစာအပြင် ပြင်ပအသိပညာ ဗဟုသုတများကြွယ်ဝစေရန်၊ နားထောင်မှုစွမ်းရည်များ တိုးတက်စေရန်နှင့် စာဖတ်ခြင်းယဉ်ကျေးမှု တိုးတက်လာစေရန် ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက်သို့ ကလေးငယ်များအား ဖိတ်ခေါ်ကာ စာဖတ်ပြပါအစီအစဉ် ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် ဦးစီး အရာရှိက “ပီလီနှင့် တစ်နေ့တာတွေ့ဆုံခြင်း” စာအုပ်ပါ အကြောင်းအရာများကို ဖတ်ပြဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းဆွေးနွေးချက်ကို ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)