ရှမ်းပြည်နယ်အပန်းဖြေစခန်း၊ တိရစ္ဆာန်ဥယျာဉ်နှင့် ရုက္ခဗေဒဥယျာဉ်နည်းပဒေ ထုတ်ပြန်နိုင်ရေးအတွက် အဋ္ဌမအကြိမ် ညှိနှိုင်းအစည်းအဝေးပြုလုပ်

တောင်ကြီး       အောက်တိုဘာ     ၁၃

ရှမ်းပြည်နယ်အပန်းဖြေစခန်း၊ တိရစ္ဆာန်ဥယျာဉ်နှင့် ရုက္ခဗေဒဥယျာဉ်နည်းပဒေ ထုတ်ပြန်နိုင်ရေးအတွက် အဋ္ဌမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်သစ်တောဦးစီးဌာနက Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်က ရှမ်းပြည်နယ်အပန်းဖြေစခန်း၊ တိရစ္ဆာန်ဥယျာဉ်နှင့် ရုက္ခဗေဒဥယျာဉ်နည်းပဒေ ထုတ်ပြန် နိုင်ရေးအတွက် ယခင်က သတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြီးဖြစ်၍ ယခုအဋ္ဌမအကြိမ်တွင် ဌာနဆိုင်ရာများမှ ပါဝင် ဆွေးနွေးပေးကြရန် ပြောကြားသွားသည်။

ဆက်လက်၍ လွိုင်လင်ခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဌေးက ယခင် ဆွေးနွေး ပြီးစီးမှုနှင့် ဆက်လက်ဆွေးနွေးရန် ကျန်ရှိမှုများကိုတင်ပြရာ  အမည်နှင့်အဓိပ္ပါယ်ဖော်ပြချက်၊ အပန်းဖြေစခန်း၊ တိရစ္ဆာန် ဥယျာဉ် နှင့် ရုက္ခဗေဒဥယျာဉ် တည်ထောင်လုပ်ပိုင်ခွင့်၊ လုပ်ငန်းလုပ်ကိုင်ခွင့် ခွင့်ပြုမိန့်လျှောက်ထားခြင်း၊ ထုတ်ပေးခြင်း နှင့်ငြင်းပယ်ခြင်း၊ အပန်းဖြေစခန်း၊ တိရစ္ဆာန်ဥယျာဉ်နှင့် ရုက္ခဗေဒဥယျာဉ် လုပ်ငန်းလိုင်စင်သက်တမ်းတိုးခြင်း၊ အပန်းဖြေစခန်း၊ တိရစ္ဆာန်ဥယျာဉ်နှင့် ရုက္ခဗေဒ ဥယျာဉ် လုပ်ငန်းလိုင်စင်ပြန်လည်အပ်နှံခြင်းနှင့် လုပ်ငန်းလိုင်စင်ပျက်ပြယ်ခြင်း၊ အပ်နှံထားသည့် အပန်းဖြေ စခန်း၊ တိရစ္ဆာန်ဥယျာဉ်နှင့် ရုက္ခဗေဒဥယျာဉ်လုပ်ငန်းကို လုပ်ကိုင်ခွင့်လျှောက်ထားခြင်း၊ ထုတ်ပေးခြင်းနှင့် ငြင်းပယ်ခြင်း၊ လုပ်ငန်းခွင့်ပြုခ၊ ရက်လွန်ကြေး၊ ဒဏ်ကြေးနှင့် သက်တမ်းတိုးမြှင့်ခ၊ စီမံခန့်ခွဲရေး နည်းလမ်း အရ အရေးယူခြင်းနှင့် အယူခံခြင်း၊ အထွေထွေနှင့်နောက်ဆက်တွဲပုံစံများ နည်းဥပဒေခေါင်းစဉ်များနှင့် ပတ်သက်၍တင်ပြရှင်းလင်းသွားကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသူများက ဆွေးနွေးအကြံပြု၍ အထွေထွေဆွေးနွေးကြကာ ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်က နိဂုံးချုပ် အမှာစကားပြောကြားကြောင်းနှင့် Video Conferencing သို့ ပြည်နယ်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ် သစ်တော ဦးစီးဌာနမှ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့်တာဝန်ရှိသူများ ပြည်နယ်အဆင့် ဆက်စပ် ဌာနဆိုင်ရာ အကြီးအကဲများ စုစုပေါင်း (၅၅)ဦးပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)