ဘီးလင်း ဇူလိုင် ၂၁
မွန်ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၁၉) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သော ဘီးလင်းမြို့နယ်ဘောလုံးအသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ဘီးလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူအောင်က ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပထမဆုရရှိသော ဘီးလင်းမြို့နယ် အမျိုးသမီးဘောလုံးအသင်းအား ဂုဏ်ပြုဆုငွေကျပ် သိန်းသုံးဆယ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အသင်းတာဝန်ရှိသူထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)