သာကေတမြို့နယ်ရှိ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် ကလေးငယ်များအား ငါးမျိုးစပ်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

သာကေတ    ဇူလိုင်   ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်ရှိ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် အသက်(၁)နှစ်မှ(၅)နှစ်အတွင်းရှိ ကလေးငယ်များအား ယနေ့နံနက်(၉:၀၀)နာရီအချိန်က အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကာကွယ်ဆေးများထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာ၌ ငါးမျိုးစပ်ကာကွယ်ဆေး (ဆုံဆို့/ကြက်ညှာ/မေးခိုင်/အသည်းရောင်အသားဝါ/ဦးနှောက်အမြှေးရောင်)၊ ဝက်သက်ဂျိုက်သိုးကာကွယ်ဆေးပိုလီယိုကာကွယ်ဆေးများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက အုပ်စု(၃)စုခွဲ၍ ရပ်ကွက်(၁၉)ရပ်ကွက်အတွင်းရှိ စုရပ်အလိုက်ထိုးနှံဆောင်ရွက်ပေးခဲ့သည်။

သာကေတမြို့နယ် ရပ်ကွက် (၁၉)ရပ်ကွက်အတွင်းရှိ အသက်(၁)နှစ်မှ(၅)နှစ်အတွင်းရှိ ရင်သွေးငယ်များမှ ဆုံဆို့ရောဂါကြောင့် သေဆုံးမှုနည်းပါးစေရေးအတွက် အကြောင်းအမျိုးမျိုး ကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများ၊ ကာကွယ်ဆေး ပြည့်စုံစွာထိုးနှံရန် ကျန်ရှိသူများ အားဇူလိုင်လ (၁၇)ရက်နေ့မှ (၃၁) ရက်နေ့အထိ ထိုးနှံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)