ကွမ်းခြံကုန်း ဇူလိုင် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန)ခန်းမ၌ (Book Cloub)အသင်းနှင့် (Women Cloub )တို့ ပူးပေါင်း၍ ယမန်နေ့က စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်နန့်ဆွေနွယ်ဦး(ဦးစီးအရာရှိ)က တက်ရောက်လာသူများအား စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး( Book Cloub)ဥက္ကဋ္ဌ ဦးသန်းမြင့်၊ (သန်းမြင့်သန်း-ကွမ်းခြံကုန်း)က အမွေခံသူတစ်ယောက်အဖြစ် ကျောင်းသားတစ်ဦးချင်းကို ဆိုလိုပြီး အမွေပေးသူတစ်ရာဆိုသည်မှာ သင်ဆရာများကို ရည်ညွှန်းထားကြောင်း မှတ်သားစရာကောင်းသော စာတစ်ပုဒ်ကို ဆရာက မီးမှောင်းထိုးပြထားကြောင်း လူငယ်ဟူသမျှ သူရသတ္တိနှင့်ဖြတ်ထိုးဥာဏ်ရှိဖို့လိုကြောင်း ပြယုဂ်အဖြစ် ပဥ္စဝုဓမင်းသားစသည့် ၎င်းစာအုပ်ပါ အကြောင်း အရာများကို အမြင်ချင်းဖလှယ်ကာ စာဖတ်ဝိုင်း ကျင်းပခဲ့ကြကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက် Online page မှ တဆင့်စာအုပ်မိတ်ဆက်၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်းအပြင် စာအုပ်များ ငှားရမ်းပေးခြင်း၊ ပြပွဲများ၊ပြိုင်ပွဲများ၊ သင်တန်းများ ကျင်းပပြုလုပ်ပေးခြင်း၊ (Talk Show)နှင့် စာဖတ်ဝိုင်းများကိုလည်း စဥ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆွေနွယ် (IPRD)