ဟိုမိန်း အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် ဟိုမိန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သတင်း အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ တိကျမှန်ကန်စွာ သိရှိနိုင်စေရန် ရည်ရွယ်၍ အသိပညာပေး နံရံကပ်စာစောင်ကို ယနေ့နံနက်ပိုင်းက ပြသခဲ့ကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်တွင် သတင်း၊ ခွဲခြမ်းစိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ၊ သတင်းတွင် အသုံးပြုသော စကားအသုံးအနှုန်းပိုင်းကို သတိထားကြည့်ရှုပါ၊ ကလေးသူငယ်/လူ ငယ်နှင့် လူမှုမီဒီယာ အသုံးပြုမှု သဘောတူညီချက်တစ်ရပ်ပြုလုပ်ပါ၊ သတင်းအချက်အလက်များ က မည်သို့ ဆက်စပ် အရေးပါကြောင်း ကလေးများနှင့်အတူ ဆွေးနွေးပါ၊ သင်သည် မီဒီယာနှင့် သတင်းအချက် အလက်ဆိုင်ရာ သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းသူတစ်ဉီး ဖြစ်ပါသလား၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာတွင် ဆောင်ရန်နှင့် ရှောင်ရန်များ၊ မီဒီယာနှင့် သတင်းအချက်အလက်သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာနှင့် ကျန်းမာရေး၊ ကလေးများနှင့်အတူစာဖတ်ပါ၊ ကလေးများနှင့်အတူတူ သတင်းကြည့်ရာဝယ် စသည့် အကြောင်းအရာများ ဖော်ပြထားကြောင်း သိရှိရသည်။
ရဲနောင်(ဟိုမိန်း)