မဟာအောင်မြေမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် အဘိုးအဘွားများအား ထောက်ပံ့လှူဒါန်းပွဲကျင်းပ

မဟာအောင်မြေ ဇူလိုင် ၂၁

မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် အဘိုး၊အဘွားများအား ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း ဦးစီးဌာနမှ သုံးလလျှင်တစ်ကြိမ် တစ်လလျှင် (၁၀၀၀၀)ကျပ်နှုန်းဖြင့် (၃၀၀၀၀)ကျပ်အား ကွင်းဆင်း‌ထောက်ပံ့ ပေးအပ်လှူဒါန်းခဲ့‌ကြောင်း သိရသည်။

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်အတွင်းရှိ အဘိုးအဘွားများအား တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လဲ့လဲ့ဝင်းနှင့်ဝန်ထမ်းများ မဟာအောင်မြေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်ဦးနှင့်အဖွဲ့ဝင်များ၊ ရဲမွန်တောင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ရာ အသက် ၈၉ နှစ်အရွယ် အဖွားဒေါ်ခင်ညွန့်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း