စဉ့်ကူး ဇူလိုင် ၂၁
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ပင်စင်လစာငွေ များကို ယမန်နေ့ နံနက်ပိုင်းမှစ၍ ထုတ်ပေးလျက်ရှိသည်။
စဉ့်ကူးမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ (ပင်စင်)လစာထုတ်ယူရာတွင် E-pension card ဖြင့် ထုတ်ယူသူ (၁၀၄၆) ဦးနှင့် manual ဖြင့် ထုတ်ယူသူ (၃၅) ဦး၊ စုစုပေါင်း (၁၀၈၁) ဦး ရှိရာ ပင်စင်ထုတ်ယူရာတွင် အခက်အခဲမရှိစေရန် အုပ်စုများခွဲကာ နေ့ရက်သတ်မှတ်ပေး၍ အလှည့် ကျ ထုတ်ပေးလျက်ရှိကြောင်း၊ အငြိမ်းစားဝန်ထမ်းများ၏ လုံခြုံရေးကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူစုလူဝေးမဖြစ်ပေါ်စေရေး၊ မလိုလား အပ်သော ပြဿနာများ မဖြစ်ပေါ်စေရေးအတွက် စနစ်တကျထုတ်ပေးလျက်ရှိကြောင်း၊ ပင်စင် လစာထုတ်ယူရန် ကိုယ်တိုင် မလာရောက်နိုင်သူ အငြိမ်းစားများအနေဖြင့် ကိုယ်စားလှယ်လွှဲစာ ဖြင့် ထုတ်ယူနိုင်ကြောင်း၊ ထုတ်ယူရန် ကျန်ရှိသူများအတွက် ပင်စင်လစာငွေ ထုတ်ပေးခြင်းကိုနေ့စဉ် ရုံးပိတ်ရက်မှ အပ ရုံးဖွင့်ချိန်များတွင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း စဉ့်ကူးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ထံမှ သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)